ဟဲလေး + ခင်ဖုဏ်း နှစ်နားညီ Lyrics
အရွယ်မလွန်ခင်လေး အမေ့ချွေးမလှလှရွေး
အိမ်တွင်းမှု အသိမ်းအထုပ် နိုင်တဲ့ ကောင်မလေးမျိုးဟေ့
ဗေဒင်တွေမေး ကျွန်တော့်ရည်းစားလှလှရွေး
အိမ်ထဲက စီးတဲ့ရေအတွက် ဆည်တဲ့ ကန်သင်းမျိုးလေး
ကျွန်တော့်ရဲ့ မဟာဗျူဟာမှာ အချစ်တော့မပါဘူးလေ
ကောင်းကြီးပေးပါဗျာ ကျွန်တော် သူရဲကောင်းလေး
အသည်းကွဲခံတာ ဘာညာမစဉ်းစားတတ်ဘူးလေ
အကျိုးဆက်က ဒီမှာ ကျွန်တော်ရှာတွေ့ တဲ့ ရည်းစားလေး
အရွယ်မလွန်ခင်လေး အဖေခိုင်းဖို့ သားသမက်ရွေး
တစ်ကယ်ထက်ထက်မြက်မြက်ကောင်လေး ငယ်ငယ်တစ်ယောက်လောက်ဟေ့
ဗေဒင်တွေမေး ကျွန်မ အမျိုးကောင်းသားကိုရွေး
စိတ်ကူးရဲ့ အိပ်မက်မှာတော့ သူက မင်းသားလေး
ကျွန်မရဲ့ အစီအစဉ်တွေမှာ အချစ်စိတ်မပါဘူးလေ
မချစ်တတ်သေးခင်မှာ လွယ်လွယ်လေးပဲတွေး
အသည်းကွဲခံတာ ဘာညာ သိပ်နားမလည်ဘူးလေ
မင်းနဲ့ မတွေ့ ခင်မှာ မာနကြီးတဲ့မင်းသမီးလေး
ဒီလိုနဲ့ ပဲ ကျွန်တော်ကမ်းမယ့်လက်တွေနဲ့ 
သူလှမ်းမယ့် လမ်းအတွက် ရည်စူး စံပယ်တွေခင်းဖူးခဲ့
ဒီလိုနဲ့ ပဲ မောင်ပြောတဲ့ စကားတွေနဲ့ 
ကျွန်မရူးခဲ့ဖူးတဲ့ စိတ်ကူး အရည်ပျော်မူးယစ်ခဲ့
အပြောင်းအလဲမှာ လူဟာ သက်တိတွေနဲ့ အပြည့်
ကောင်းကြီးပေးပါဗျာ ကျွန်တော်သူရဲကောင်းလေး
အချစ်အတွက်ကျန်တာ ဘာညာမစဉ်းစားချင်ဘူးလေ
ကျွန်မအတွက်ဆိုရင် မောင်ဟာ ပြိုင်ဘက်ကင်းတဲ့ မင်းသားလေး
ဒီလိုနဲ့ ပဲ စိတ်ကူးနဲ့ လက်တွေ့ လွဲ
အိမ်အတွင်းအချက်အပြုတ် ကျွန်တော်ပဲ ပါရမီဖြည့်ဖြစ်ခဲ့
ဒီလိုနဲ့ ပဲ အိမ်ကပ်တဲ့မောင့်ကိုယ်စား
ကျွန်မ စီးပွားရေးဘက်မှာပဲ ခြေစုံရပ်ဖြစ်ခဲ့
See also:
JustSomeLyrics
36
36.23
Baglioni Claudio Mille giorni di te e di me Lyrics
Thumb Remember Lyrics